နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်

နောင်ချို    စက်တင်ဘာ ၁၄

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ()ရက်နေ့ နံနက်ပိုင်းမှစ၍ စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်ကို ခေတ္တပိတ်ထားသော်လည်း ပြည်သူများအတွက် နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှ Online စနစ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကလေးများအတွက် ပုံပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်း၊ စာပေချစ် ပရိသတ်များအတွက် စာအုပ်/စာစောင်များ မိတ်ဆက်ပေးခြင်း အစီအစဉ်တို့ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများအတွက် Online မှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရေး၊ ကလေးငယ်များစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရေး၊ အပြောစွမ်းရည်များ ပိုမိုတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထွေးငယ်၊နောင်ချိုပြန်/ဆက်