ဝေါလေမြိုင် မတ် ၁၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဝေါလေမြိုင်မြို့၊ ဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဈေးဆိုင်များနှင့် ဈေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ (COVID-19)မကူးစက်အောင် ဈေးရောင်းသူများလိုက်နာရမည့် အချက်များအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)