ဖျာပုံမြို့၌ CERP အစီအစဉ်အရ ဘိုးဘွားရိပ်သာနှင့်ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေများ ပေးအပ်

ဖျာပုံ  စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ လူမှုဝန်ထမ်း ဦးစီးဌာနက ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက (၁၈)ရပ်ကွက်ရှိ ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၃၅)ဦးအတွက် တစ်ဦးလျှင် ၁၅၀၀၀ နှုန်းဖြင့် ငွေကျပ် ၅၂၅၀၀၀ နှင့် ကနိကျေးရွာရှိ ကနိပရဟိတဂေဟာရှိ လူဦးရေ(၉၀)ဦးအတွက် ငွေကျပ်၁၃၅၀၀၀၀တို့ကို ခရိုင်ဦးစီးမှူး ဦးအေးကျော်က ကြီးကြပ်ရေးကော်မတီများထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ယခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စီးပွားရေးကုစားမှုအရ အဘိုးအဘွားများနှင့် ဂေဟာရှိလူငယ်များ စားသောက် နေထိုင်ရေးများတွင် အခက်အခဲရှိသည့် နေရာများ၌ သုံးစွဲအဆင်ပြေစေရန် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးအေးကျော်ထံမှ သိရှိရသည်။

လှလှနွယ်(ပြန်/ဆက်)