အင်္ဂပူ စက်တင်ဘာ ၁၆
အင်္ဂပူမြို့ မြို့မဈေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဈေးဆိုင်ခန်းများ၊ ပျံကျဈေးသည်မျာနှင့် လမ်းဘေးဈေးဆိုင်များအား နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးကြေညာခြင်းကို အင်္ဂပူမြို့ မြို့မဈေးတာဝန်ခံ ဦးဇော်မင်းထိုက်မှ ဈေးသည်များနှင့် ဈေးဝယ်ပြည်သူများအား Mask များ တပ်ဆင်ထားရေးနှင့် နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိသာ ဈေးသည်များ ဈေးရောင်းချရေး အသိပေးကြေညာခဲ့ကြောင်းနှင့် အင်္ဂပူမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအားလုံးရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ထုတ်ပေးထားသော ဈေးဆိုင်ခန်းများ၊ ပျံကျဈေးသည်များနှင့် လမ်းဘေးဈေးသည်များအား အသိပေးကြေညာထားကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)