ကျိုင်းတုံ အောက်တိုဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ် တက်ရောက်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်းပေ့နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က နေပြည်တော်လေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ် တက်ရောက်ရန် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်းပေ့နှင့် အဖွဲ့ဝင်များအား တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဖေသက်သန်းနှင့် တာဝန်ရှိသူများ၊ ရှမ်း၊ အာခါ၊ လားဟူ၊ ဝ နှင့် ဒေသခံတိုင်းရင်းသားများက ကြိုဆိုခဲ့ကြသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)