မိုင်းယောင်းမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဓာတ်ပုံနှင့် နံရံကပ်စာစောင် ပြသ

မိုင်းယောင်း    စက်တင်ဘာ   ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ထားရှိရာ ယနေ့က ဌားရမ်းစာအုပ်များ ပြန်လည်လာရောက်အပ်နှံသည့် စာပေချစ်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အချက်များနှင့်အညီ  ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးဓာတ်ပုံနှင့် နံရံကပ်စာစောင်တွင် လူကုန်ကူးမှု အဓိပ္ပါယ်၊ လူကုန်ကူးမှု တားဆီးရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အသိပညာပေး ကဗျာ၊ ကာတွန်းများ၊ ဥပဒေပြဌာန်း ချက်များ၊ လက်ကမ်းစာစောင်များ၊ အမျိုးသမီးများ လူကုန်ကူးခံရပါက ကြုံတွေ့ရသည့် အန္တရာယ်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် အရေးပေါ် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှု အမျိုးအစားများ၊ ပွဲစားများ၏ လူကုန်ကူးမှုတွင် သုံးတတ်သည့် နည်းလမ်းများ၊ လူကုန်ကူးမှုကြောင့် ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှု တားဆီးရေး လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ စသည်ဖြင့် အသိပညာပေးစာစောင်နှင့် ဓာတ်ပုံများကို အများပြည်သူ အသိပညာဗဟုသုတရရှိရေးအတွက် ပြသထားရှိကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)