ဓနုဖြူမြို့တွင် နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဓနုဖြူ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေး ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေးခြင်း နှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်ရှိ ပရဟိတအဖွဲ့မှ အလှူရှင်များလှူဒါန်းထားသည့် နှာခေါင်းစည်း(Mask)များကို ပြည်သူများထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တတ်နိုင်သမျှမိမိနေအိမ်တွင် နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများမဖြစ်မနေ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာရန်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)