ဇလွန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်

ဇလွန် စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး တို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကျော် ဦးဆောင်သောအဖွဲ့များသည် ညစဉ် မြို့အတွင်း လှည့်ကင်းများဖြင့် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ခိုး၊ ဆိုး၊ လု၊ နှိုက်များ မဖြစ်ပွားစေရေး၊ လက်နက်ကိုင်ဆောင်မှု မရှိစေရေး၊ ကိုဗစ်-၁၉ ကာလ Stay at Home စည်းကမ်း လိုက်နာရေးတို့အတွက် ညစဉ်လှည့်ကင်းများဖြင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)