ရွာငံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရွာငံ   စက်တင်ဘာ   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြိုင်ဈေးသို့ ကမေ္ဘာဇ လူငယ် စာကြည့်တိုက် မှ ထုတ်ဝေသည့် “မိသားစုအတွက် ကိုဗစ်-၁၉ ရောဂါ အချက်အလက် လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ယနေ့ နံနက်(၈)နာရီ က  ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများအကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအား ဆန့်ကျင်ကဲ့ရဲ့ ပြောဆိုခြင်းမပြုရန်၊ အိမ်တွင် အစားအစာများ မစားသုံးမှီနှင့် မချက်ပြုတ်မီ ဘယ်လိုကောင်းစွာ ချက်ပြုတ်မလဲ၊ အိမ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ၊ အလုပ်စားပွဲများကိုလည်း သန့်ရှင်းအောင်ထားရန်နှင့် ပိုးသတ်ခြင်းများ ပြုလုပ်ရန်စသည့် အချက် အလက်များကို ကာတွန်းရုပ်ပုံများဖြင့် ပြုစုရေးသားထားသည်။ ထို့ပြင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ဝေသည့် “နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါနှင့် “ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကို မိမိကစ၍ ကာကွယ်ပါစသည့် စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)