မင်းတပ် မတ် ၁၆
မင်းတပ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုအောက်၌ ဆောင်ရွက်လျက်ရှိသော စိချဲ့-ဘော(၃)လမ်း ၂မိုင် ကတ္တရာ ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့၀င်များက ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ မင်းတပ်-ဘော(၃)-ရှက်-ယာယော-လုပ်ရှဲ-ခွဲလုံလမ်း (၂)မိုင် ကျောက်ချောလမ်းခင်းခြင်းနှင့် ဘော(၃)-လီလောင်းကျေးရွာကြား ကျေးရွာချင်းဆက် မြေသားလမ်း (၂၁)ပေလမ်းတာချဲ့ခြင်း၊ (၉)မိုင်လမ်းခွဲ-ဒေါက်ဒွေ-ဒုံအိမ်-၀န်းဝါလမ်း (၆) မိုင် မြေသားလမ်းတာချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့၀င်များ၊ တင်ဒါအောင်သည့် ကုမ္မဏီမှ တာ၀န်ရှိသူများနှင့် ကျေးရွာလမ်းကြီးကြပ်မှုကော်မတီအဖွဲ့၀င်များက ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်းသိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)