အင်္ဂပူ စက်တင်ဘာ ၁၇
အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး ကြေညာခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အင်္ဂပူမြို့ပေါ်ရှိ အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်များနှင့်ကံဦး ကျေးရွာအုပ်စုအတွင်းရှိ ကံဦးကျေးရွာ၊ သုံးဆက်ကျေးရွာ၊ မြန်အောင်စုကျေးရွာ၊ ဇေယျကျေးရွာများတွင်ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးကြေညာခြင်းကို အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရန် အသိပေးထုတ်ပြန်ချက် များနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား ပြည်သူများ သိရှိလိုက်နာရေး ဆောင်ရွက်နိုင်ရေးအတွက် လှည့်လည်အသိပေးကြေညာခဲ့ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)