နမ့်ဆန်မြို့တွင် ကလေးများအား သားအိမ်ခေါင်းကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်အမှေးရောင်ကာကွယ်‌ဆေး ထိုးနှံပေး

နမ့်ဆန် အောက်တိုဘာ ၁၈

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ အမက(၆)မူလတန်းကျောင်းတွင် အသက်(၉)နှစ်မှ(၁၀)နှစ် ကလေးသူငယ်များကို အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်စန္ဒာမိုး(LHV) ကြီးမှူး၍ သားအိမ်ခေါင်းကာကွယ်ဆေးကို ပထမအကြိမ် မ(၁၁)ဦး၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါကာကွယ်ဆေးကို အသက်(၅)နှစ်မှ(၉)နှစ်ထိ ကျား(၃၇)ဦး မ(၁၄)ဦး စုစုပေါင်း(၅၁)ဦးတို့အား ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နှောက် ဇယန်းကြီးကျေးရွာ အမကမူလွန်ဇယန်းကျောင်းတွင် အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်စီစီခမ်း(LHV) ကြီးမှူး၍ သားအိမ်ခေါင်းကာကွယ်ဆေးကို မ(၂၂)ဦး၊ ဂျပန်ဦးနှောက် အမှေးရောင်ရောဂါကာကွယ်ဆေးကို(၉၅)ဦး စုစုပေါင်း(၁၁၇)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှု ဖြင့်ကျန်းမာရေးဝန်ထမ်းများဆရာ/ဆရာမများက သားအိမ်ခေါင်းကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက် အမှေးရောင်ရောဂါကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးပြီး မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)