ပလောက် အောက်တိုဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန် ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က အမှတ်(၃)ရပ်ကွက်တွင် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ထပ်မံတွေ့ရှိသည့် မျိုးရိုးဗီဇပြောင်း BA -5 ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်၊ အပြင်ထွက်တိုင်း (Mask) တပ်ရန်၊ ဈေးရောင်းသည့် ပြည်သူများကလည်း (Mask) တပ်၍ ဈေးရောင်းရန်နှင့် ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကာကွယ်ဆေး များကိုလည်း ရာနှုန်းပြည့်လွှမ်းခြုံမှုအပြည့်အဝရရှိစေရန် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်အရေအတွက် ပြည့်ဝစွာထိုးနှံကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူကြရန် စသည့်အချက်များကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ချိုချိုဌေး (ပြန်/ဆက်)