တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(ဒုတိယပတ်)သို့ ပါဝင်ဆင်နွှဲ
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ( ဒုတိယပတ် )ကို ယနေ့နံနက် ၅ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။