တနင်္သာရီတိုင်းဒေသကြီး

၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပလောက်မြို့တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မြို့အတွင်းရှိ ဈေးများ၊ လူစည်ကားရာနေရာများ၊ လူနေရပ်ကွက်များ သို့သွားရောက်၍ (၈၁) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့အတွင်း လိုက်လံဖြန့်ဝေခဲ့ကြ သည်။

ကျွန်းစုမြို့တွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက စက်သုံးဆီ သိုလှောင်ဖြန်းဖြူးအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များကို ကွင်းဆင်း စစ်ဆေးခဲ့သည်။

ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များအား ပြသဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်၌ ဆလုံနှစ်သစ်ကူးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဆလုံစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်းကျင်းပသော တနင်္သာရီ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ဆလုံလူမျိုးများ၏ ဒုတိယအကြိမ်မြောက် ဆလုံနှစ်သစ်ကူးပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ မကြုံကလက်ကျေးရွာ၌ မတ်လ (၂၃)ရက်နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်၌ ဆလုံနှစ်သစ်ကူးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဆလုံစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်းကျင်းပသော တနင်္သာရီ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ဆလုံလူမျိုးများ၏ ဒုတိယအကြိမ်မြောက် ဆလုံနှစ်သစ်ကူးပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ မကြုံကလက်ကျေးရွာ၌ မတ်လ ၂၃ ရက်နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက်ဖြင့် ဌာနဆိုင်ရာရုံးများသို့သုတ/ရသစာအုပ် စာစောင်များငှားရမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာ‌ငွေများ လစဉ်ပှံမှန်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲမှ စတင်၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

ကျွန်းစုမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် အခွန်ဆိုင်ရာ ကိစ္စရပ်များ အသိပေး ရှင်းလင်းဆွေးနွေးပွဲကို မတ်လ  ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျွန်းစုမြို့၊ အမှတ် ၃ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲကို မတ်လ  ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျွန်းစုမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး