ပန်ဝါမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပန်ဝါ မတ် ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ လတ်တလောဖြစ်ပွားလျက်ရှိသည့်  ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပန်ဝါမြို့ မိခင်နှင့်စောင့်ရှောက်ရေးအဖွဲ့က ပန်ဝါမြို့ နယ်စပ်ဂိတ်၊ လက်ဘက်ရည်ဆိုင်၊ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ပါဝင်သည့် မိမိကစ၍ ကာကွယ်ပါ လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲညွန့်( ပြန်/ဆက်)