ကျိုင်းတုံ မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအသိပညာပေး လုပ်ငန်းများကို ယမန်နေ့က ကျိုင်းတုံမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဆောင်ရွက်ရာတွင် စာသုံးသူအခွင့်အရေး အပြည့်အဝရရှိရေး၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပညာပေးပြောကြားခြင်း၊ စားသုံးသူ အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် စားသုံးသူပြည်သူများ ရပိုင်ခွင့်အခွင့်အရေးကို ပိုမိုသိရှိလာနိုင်ခြင်း၊ စာသုံးသူများ နစ်နာမှုမရှိစေရေးနှင့် စျေးကွက်အတွင်း ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသည့် စာသောက်ကုန်များ စနစ်တကျထုတ်လုပ်ရောင်းချလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)