ပုသိမ် မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်အတွင်းနေထိုင်ကြသူများ အသိပညာ ရရှိကြစေရန် ရည်ရွယ်လျက် အသိပညာပေး ပိုစတာများလိုက်၍ ကြော်ငြာကပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ကျေးရွာမှ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး၍ ပြန်လည်ရောက်ရှိလာသူများကို (၁၄) ရက်ကြာ စောင့်ကြည့်ရန် လိုအပ်ကြောင်း ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ခင်မိုးနှင်းက ရှင်းလင်းပြောကြားခဲ့သည်။
ရောဂါပိုးရှိသည်ဟု ယူဆရသူ ကိုင်တွယ်သောပစ္စည်းများနှင့် အသုံးအဆောင်များကို ကိုင်တွယ်မိပါက လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောရန် လိုအပ်ကြောင်းနှင့် မိမိ၏ မျက်နှာနှင့် ပါးစပ်၊ မျက်လုံးတို့ကို မကိုင်မိကြစေရန် သတိပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်ဟန်