မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ Sim Card မှတ်ပုံတင်ခြင်းလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိ

လေးမျက်နှာ မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် MPT Sim Card မှတ်ပုံတင်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စောလျင်စွာ ပြီးစီးနိုင်ရေးအတွက် လေးမျက်နှာမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဝန်ထမ်းများမှ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လေးမျက်နှာမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းတာဝန်ခံ ဦးသန်းကိုဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့မှ မြို့နယ်ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ၏ ဖုန်းများတွင် ထည့်သွင်းအသုံးပြုလျက်ရှိသော MPT Sim card များအား စနစ်တကျ မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် 4G Sim card များ ချိန်းပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မှတ်ပုံမတင်ထားသော MPT Sim card များရှိပါက မိမိတို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် လာရောက်မှတ်ပုံတင်ကြရန်နှင့် မှတ်ပုံတင် မထားသော Sim card များအား ဧပြီလကုန်တွင် (One way block)  ဖြင့် အထွက် call ပိတ်သိမ်းသွားမည်ဖြစ်ပြီး အဝင် call ဖြင့်သာ ဖုန်းပြောဆိုနိုင်မည် ဖြစ်ကြောင်း မိုဘိုင်းတာဝန်ခံ ဦးသန်းကိုဦးထံမှ သိရသည်။
ရွှေမိုး(လေးမျက်နှာ)