မြစ်သားမြို့နယ်တွင် Covid 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည့်ဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေ ကျပ်(၁၀)သိန်း လှူဒါန်း

မြစ်သား မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် Coronavirus Disease 2019 (Covid- 19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းပေးအပ်ပွဲကိုယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်အတွင်း 2019-Novel Coronavirus (2019-Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ (Suvillance and Respond Ten – SRT) အဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင် ကာကွယ်နိုင်ရေး လိုအပ်သောဆေးဝါးနှင့် ပစ္စည်းများ စုဆောင်းထားရှိရေးအတွက် SRT အဖွဲ့ ကိုယ်စား အလှူငွေကျပ်(၁၀)သိန်းအား မတည်လှူဒါန်းခဲ့ပြီး ကမ္ဘောဇဘဏ်တွင် အကောင့်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ၊ ဆေးရုံအတွက် လိုအပ်သောဆေးဝါးနှင့် အထွေထွေလုပ်ငန်းများအတွက် အသုံးပြုရန်လှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် အလှူငွေအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။ 

ဆုမွန်