မိုင်းဖြတ်၌ မီးခိုးမြူငွေ့များ ကျရောက်ခြင်းကြောင့် ရေမှုန်ရေမွှားများပက်ဖျန်း

မိုင်းဖြတ် ၊ မတ် ၁၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း မီးခိုးမြူများ ဖုံးလွှမ်းနေခြင်း ကြောင့် မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲကစ၍ မြို့တွင်း ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် မီးသတ်ယာဉ်ဖြင့် ရေမှုန်ရေမွှားများ ပက်ဖျန်းလျက်ရှိကြောင်း သိရသည်။

ရေမှုန်ရေမွှား ပက်ဖျန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မီးခိုးမြူငွေ့များ လျော့နည်း ​ပ​ပျောက်စေရေးအတွက် ​​ရေဂါလံ(၁၂၀၀)ဆံ့ မီးသတ်ကား ၃ စီး စုစု​ပေါင်း ​ရေဂါလံ (၃၆၀၀) ကို ရေမှုန်​ရေမွှားများကို ပက်ဖျန်း ခဲ့သည်။

ယခင်နှစ်က အဆိုပါ မီးခိုးမြူ​ငွေ့များ ကျ​ရောက်သည့်အတွက် ပြည်သူများ ကျန်းမာ​ရေးဆိုင်ရာ ဆိုးကျိုးများ ရရှိခံစားသည့်အပြင် ​တောမီး တောင်ယာမီးများ ရှို့ခြင်း​ကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးသည့်အတွက် ထိုကဲ့သို့ မဖြစ်ပွား​စေ​ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ​ကော်မတီဖွဲ့စည်း၍ ​မြို့​ပေါ်နှင့် ​ကျေးရွာများတွင် တောမီးများ၊ ​တောင်ယာမီးများမရှို့​စေ​ရေး အသိပညာ​ပေးဟော​ပြောပွဲများကိုလည်း စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိ​ကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)