သီပေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

သီပေါ မတ်  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများသည် အ.ထ.က (၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲ  ရူပဗေဒ ဘာသာရပ် ဖြေဆိုမည့် နေ့တွင် ကြီးကြပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  သားဖွားဆရာမ ဒေါ်ငြိမ်းငြိမ်းပို ဦးဆောင်သော ကျန်းမာရေး စောင့်ရှောက်မှုပေးသော အဖွဲ့သည် ကြီးကြပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများအား အပူချိန်တိုင်းပေးခြင်း၊ ချောင်းဆိုးနေသည့် ကျောင်းသား/ ကျောင်းသူ များအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် Mask များ တပ်ဆင်ပေးခြင်း၊ ဖျားနာ သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေး နံရံကပ် စာစောင်များ ပြသခြင်း၊ Hand Gel လက်သန့်စင် ဆေးရည် များဖြင့် လက်သန့်စင်စေ၍ စာမေးပွဲခန်း အတွင်းဝင်ရောက်စေခြင်းများကို ပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ခင်လေး(သီပေါ ပြန်/ဆက်)