လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းမှစ၍ ဒေးဒရဲမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိ

မူဆယ်  မတ်   ၁၇

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ယမန်နေ့  နံနက် ၉ နာရီက စာစစ်ဌာန (၉)ခုဖြင့် ဖြေဆိုကျင်းပရာ စုစုပေါင်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူဦးရေ (၂၃၅) ဦးရှိကြောင်း မူဆယ်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။ 

ယနေ့ မူဆယ်ခရိုင်၌ ဖြေဆိုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ (၄၅၄၀) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူဦးရေမှာ ကျား/မ  စုစုပေါင်း ကျောင်းသားကျောင်းသူ (၄၃၀၅)ဦး ဝင်ရောက်ဖြေဆို၍ ပျက်ကွက်သူဦးရေ ကျား (၁၁၅)ဦး ၊ မ (၁၂၀)ဦး ၊ စုစုပေါင်း (၂၃၅) ဦးရှိကြောင်းနှင့် ဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် ၉၄ ဒသမ ၈၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မူဆယ်ခရိုင်၊ မူဆယ်မြို့၊ နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့တို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပနေသည့် စာစစ်ဌာန(၉)ခုတွင် ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆို နေစဉ်ကာလအတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်လမ်းရှင်းလင်းရေး လုပ်ငန်းများ၊ ဆူညံသံများ မဖြစ်ပွားစေရေး ၊မီးဘေးလုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်းလုံခြုံရေးတာဝန်များ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးထံမှ  သိရသည်။   

ကိုမိုင်း(ပြန်/ဆက်)