မင်းတပ် နိုဝင်ဘာ ၂၆
ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် တစိတ်တဒေသ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျှော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၈ နာရီခွဲ အချိန်က စံပြ ရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။
ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ရောင်းချနေမှုများကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုကို စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရေးတို့အတွက် အခြေခံစားသောက်ကုန်များ ဖြစ်သော ပစ္စည်း(၁၁)မျိုးနှင့်ဟင်းသီးဟင်းရွက်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည် ၁၉၀၀၊ ပဲဆီငါးဆယ်ကျပ်သား တစ်ဗူး ၃၅၀၀၊ ဆားတစ်ထုပ် ၄၀၀၊ ငါးပိတစ်ထုပ် ၈၀၀၊ ကြက်သွန်နီ ငါးဆယ်ကျပ်သား ၂၄၀၀၊ ကြက်သွန်ဖြူ ငါးဆယ်ကျပ်သား ၂၄၀၀၊ ကုလားပဲ ငါးဆယ်ကျပ်သား ၃၂၅၀၊ ယမ်ယမ် တစ်ပါကင် ၄၀၀၀၊ ကြက်ဥတစ်လုံး ၂၀၀၊ နွားနောက်သား ငါးဆယ်ကျပ်သား ၆၀၀၀၊ ဝက်သားငါးဆယ်ကျပ်သား ၄၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)