မအူပင်မြို့၌ အငြိမ်းစားဝန်ထမ်းများ ပင်စင်ထုတ်ရာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့် အညီ ဆောင်ရွက်

မအူပင်  စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လစဉ်ဆောင်ရွက်လျက်ရှိသည့် အငြိမ်းစား ဝန်ထမ်းများ အား ပင်စင်ထုတ်ရာတွင် လူစုလူဝေးမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြိုတင် ကာကွယ်နိုင်ရန် မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်သင်္ဂီရွှေနှင့် ဝန်ထမ်းများက ယနေ့မှ စတင်ကာ သတ်မှတ် ပင်စင်လစာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားပင်စင် လာရောက်ထုတ်ယူသည့် ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ရန်၊ လက်ဆေး ဘေစင်များတွင် စနစ်တကျလက်ဆေးရန်၊ အပူချိန်တိုင်းတာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် နေကြရန် ထိုင်ခုံများ စီစဉ်ထားရှိပေးပြီး လူစုလူဝေး မဖြစ်စေရန် နေရာကျယ်ဝန်းသည့် မြန်မာ့စီးပွားရေး ဘဏ်နှင့်နီးစပ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာတွင် စာရင်းပြုလုပ်ခြင်း၊ ငွေထုတ်တုံကင် ထုတ်ပေးခြင်း ဆောင်ရွက်ပေးပြီး ငွေထုတ်ရန်အတွက် (၁၀)ဦးစီသတ်မှတ်ကာ မြန်မာ့စီးပွား ရေးဘဏ် ကောင်တာတွင် ထုတ်ယူနိုင်ရန် စနစ်တကျ စီစဉ်ထားကြောင်းသိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)