ဖျာပုံ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြို့မိမြို့ဖများက ဖျာပုံမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ နေ့စဉ်အလှူငွေများ လှူဒါန်းလျက် ရှိကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဦးဝီချိုင်း၊ ဒေါ်လွင်လွင်ဦး (ကြိုးကြာလျှပ်စစ်) မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ ဦးစိုင်းစိုင်း၊ ဒေါ်ဥမ္မာသိန်း (အောင်နိုင်သူ) မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ ဦးတင်ဦး(ထိပ်တန်းအပေါင်ဆိုင်)မှ ငွေကျပ်(၅)သိန်း၊ စိန်မြတ်၊ စိန်ပန်း(အေးရိပ်မွန်အပေါင်ဆိုင်) မိသားစုမှ ငွေကျပ်(၃)သိန်းနှင့် ဒေါ်သိန်းလှ (စိန်မြန်မာ ကဖီး)မှ ငွေကျပ်(၃)သိန်း(၅)သောင်း စုစုပေါင်းလှူဒါန်းငွေ(၃၁)သိန်း(၅)သောင်း ဖြစ်သည်၊၊
အဆိုပါ လှူဒါန်းငွေများဖြင့် ဖျာပုံမြို့တွင် အသိပညာပေးခြင်း၊ မြို့အဝင်ဂိတ်များဖွင့်လှစ် စစ်ဆေးခြင်း၊ Facility Quarantine ထားရှိခြင်း စသည့်ကာကွယ်ရေး လုပ်ငန်းများနှင့် ဆေးရုံတွင် ဆေးရုံသုံးပစ္စည်းများ ဝယ်ယူ စုဆောင်းခြင်းစသည့် ကုသရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်၊၊
လှလှနွယ် (ဖျာပုံ)