သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာများသို့ အသိပညာပေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

သဲကုန်း   စက်တင်ဘာ   ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ယနေ့နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများကို သုံးဘီးဆိုင်ကယ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြိုနယ် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်၊ လက်ပံပင်လေးကျေးရွာနှင့် ကိုးတင်း‌ကျေးကျေးရွာ တို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်နှင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာဖြင့်ဆေးကြောရန် စသည့် အချက်များကို အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာ‌စောင်ပြသခြင်းများကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)