မြောင်းမြ၊ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၁၅)ခု၌ ဇီဝဗေဒဘာသာ (၂၆၅) ဦး၊ ဘောဂဗေဒဘာသာ (၁၄၆၂) ဦး လာရောက် ဖြေဆိုကြောင်းသိရသည်။
မြောင်းမြခရိုင်တစ်ခုလုံးရှိ မြောင်းမြ ၊ အိမ်မဲ ၊ ဝါးခယ်မ မြို့ အပါအဝင် ခရိုင်တစ်ခုလုံး၌ ယနေ့ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာ တွင်စာရင်းရှိ (၅၅၅၅)ဦးရှိပြီး ယနေ့လာရောက်ဖြေဆိုသူ (၅၁၃၆)ဦး လာရောက် ဖြေဆိုခဲ့ ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ ထုတ်ပြန်သောစာရင်းအရသိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ် မှူးများက အပြင်စီးမှ ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
သင်းရနံ့(မြရာမြေ)