မြစ်ကြီးနား၊ မတ်(၁၈)
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများသည် အ.ထ.က (၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ Eco/Bio ဘာသာရပ်ဖြေဆိုမည့်နေ့တွင် ကြီးကြပ်ရေးမှူး၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/ သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမဒေါ်ကိုင်ဘူ ဦးဆောင်သော အဖွဲ့သည် ကြီးကြပ်ရေးမှူးများ ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/သူများအား အပူချိန်တိုင်းပေးခြင်း၊ ချောင်းဆိုးနေသည့် ကျောင်းသား/သူ များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် Mask များတပ်ဆင်ခြင်း၊ ဖျားနာသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များပြသခြင်း Hand Gel လက်သန့်စင်ဆေးရည်များဖြင့် လက်သန့်စင်စေ၍ စာမေးပွဲခန်းအတွင်း ဝင်ရောက်စေ ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
စိန်ဝင်း(ပြန်ဆက်)