ဇလွန် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှု ရှိစေရေးနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးပစ္စည်းများ ရောင်းချသည့်ဆိုင်များမှအပ အခြားကုန်ပစ္စည်းများ ရောင်းချသောစျေးဆိုင်များ ယာယီပိတ်သိမ်းထားခြင်း ရှိ/မရှိကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်ကြသူများတွင် Mask တပ်ဆင်ရောင်းဝယ်မှု ရှိ၊မရှိနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးပစ္စည်းများ ရောင်းချသည့် ဆိုင်များမှအပ အခြားကုန်ပစ္စည်းများ ရောင်းချသောစျေးဆိုင်များ ယာယီပိတ်သိမ်းထားခြင်း ရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရ သည်။
ဝေယံ(ပြန်/ဆက်)