ညောင်တုန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ညောင်တုန်း၊မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များ ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ရှင်များနှင့် တွေ့ဆုံကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အတွက် လိုက်နာရန်အချက်များ အသိပညာပေးဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဝဠာနိုင် (ညောင်တုန်း)