ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရန် ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာဘုရားပွဲ ကျင်းပပြုလုပ်တော့မည်မဟုတ်

ပုလော၊ မတ် ၁၈

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလပြီး၍ နှစ်စဉ်အစဉ်လာမပျက် ကျင်းပပြုလုပ်သော ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာ (ခြေတော်ရာ) ဘုရားပွဲတော်ကို ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှုမရှိစေရန် ဘုရားပွဲတော်ကြီးကို ကျင်းပပြုလုပ်တော့ မည်မဟုတ်ကြောင်း ဘုရားပွဲတော် ကြီးကြပ်ရေး ကော်မတီဝင်များထံမှ သိရသည်။

နှစ်စဉ် (၁၅) ရက်တိုင်တိုင်ကျင်းပပြုလုပ်သည့် ဘုရားပွဲတော်ကြီးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့တွင် သတ်မှတ်ကြေညာ့ခဲ့ပြီး အဆိုပါ ရောဂါသည် လူစုလူဝေးများပြားရာနေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဧပြီလ(၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၁၅၁) ကြိမ်မြောက် ဘုရားပွဲတော်ကို ကျင်းပပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။

ထူးဝေယံ(ပုလော)