မြောင်းမြ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာ လာရောက်ထုတ်ယူသည့် ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင် စေရန်၊ လက်ဆေးဘေစင်တွင် စနစ်တကျလက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာတွင် နေထိုင်ကြရန်အတွက် ထိုင်ခုံများစီစဉ်ပေးထားခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းနှင့် လူစုလူဝေး မဖြစ်စေရေးအတွက်(၂၁)ရက်နေ့ တစ်ရက်ထဲတည်းတွင် လူအများစုပြုံ လာရောက် ထုတ်ယူမည့်အစား(၂၁−၉−၂၀၂၀)ရက်နေမှ (၂၅−၉−၂၀၂၀)ရက်နေ့အထိ ရက်အလိုက် သတ်မှတ်ထားသည့် ရပ်ကွက်/ ကျေးရွာ အုပ်စုများအလိုက် ထုတ်ပေးခြင်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူနိုင် ခြင်း မရှိပါကလည်း ဘဏ်ဖွင့်ရက်များတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
သက်ဝေနှင်း(ပြန်/ဆက်)