ကျွန်းစုမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကျွန်းစု မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ မြို့မဈေးနှင့် မြို့အဝင် ဆိပ်ကမ်း၌ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်‌ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများပါဝင်သည့် လက်ကမ်းစာစောင်(၅၀၀)ကို လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးဝယ်သူ/ရောင်းသူတို့အား  ဖြန့်‌ဝေပေးခဲ့ပြီး "(COVID-19) ကာကွယ်ရန် မကြာခဏ လက်ဆေးကြဖို့" တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဌေးနှင့် ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စည်/ပင် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)