ပုသိမ်မြို့မီးပွိုင့်ရှိရာ နေရာများတွင် အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ပေးလျက်ရှိ

ပုသိမ် မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၈) ရပ်ကွက် တဂေါင်းဘုရားလမ်း၊ အဘယသီဝံ (ရွှေကျင်) တိုက်သစ်ကျောင်းရှိ ဘက်စုံလူမှုကူ ညီရေးအဖွဲ့ (ပုသိမ်)မှ ပြည်သူ့အကျိုးပြု လူမှုကူညီ​ရေးလုပ်ငန်းများကို  အဆိုပါ ကျောင်းတိုက်မှ ဦးစီးပဓာနလမင်းတစ်ရာဘက်စုံ ပရဟိတ ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိမှ လမ်းညွှန်မှုဖြင့် အများပြည်သူ သွားလာသည့် ပုသိမ်မြို့ပေါ်ရှိ မီးပွိုင့်ရှိရာနေရာများတွင် နေပူခံအစိမ်းရောင် ဇကာများဖြင့် နေပူခံ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညပိုင်း၌ ပုသိမ်မြို့အဝင် မြက်တိုရုံးပေါင်းစုံ မီးပွိုင့်တွင် ပုသိမ်မြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ စုပေါင်းလုပ်အားဖြင့် ဒါနကုသိုလ်ယူကာ ဆရာတော်နှင့်အတူ ဝိုင်းကူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေပူခံအစိမ်းရောင်ဇကာများဖြင့် ပြည်သူများ၏ အပူမီးကို ငြိမ်းအေးစေလိုပါက ဆရာတော်ထံ လျောက်ထား လှူဒါန်းနိုင်ပါကြောင်း ဆက်သွယ်ရန် ၀၉၄၅၁၂၃၀၀၂၃ သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သတင်းရရှိသည်။

မြင့်ဟန်