တာချီလိတ် မတ် ၁၉
တာချီလိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့၌ ကျင်းပရန်စီစဉ်ထားသည့် အလုပ်အကိုင်ပြပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် တာချီလိတ်မြို့နယ်နှင့် ဒေသတွင်းဟိုတယ် လုပ်ငန်းရှင်များ၊ ဆေးရုံများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများမှ အလုပ်အကိုင်အခွင့်အလမ်းများ ဝင်ရောက်ပြသသွားရန် စီစဉ်ထားပြီး ရန်ကုန်အခြေစိုက် လိုင်စင်ရ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှလည်း လာရောက်ပြသသွားရန် စီစဉ်ထားခြင်းဖြစ်သည်။
ယခင်က တာချီလိတ်အလုပ်အကိုင်ပြပွဲ Tachileik Job Fair ကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၅ ရက်တွင် ရှမ်းရိုးမကွင်း၌ ကျင်းပရန်စီစဉ်ထားခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်း လိုက်ရခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။
ယာဆေး(ပြန်/ဆက်)