မိုင်းဖြတ်မြို့နယ်၊ အလက(ပါဆန်း)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းဖြတ် ဇန်နဝါရီလ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက အလက(ပါဆန်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးရှောလမွန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် လူငယ်နှင့်စာပေအသိပညာဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောပြီး  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဇင်ခိုင်က ကလေးသူငယ်များနေ့ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး သဘောတူညီချက်၊ အသက်အရွယ် အပိုင်းခြားအလိုက် ကလေးသူငယ်အခေါ်အဝေါ်များနှင့် သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြောချက်များအပေါ် အသိပညာပေး မေးမြန်းဆွေးနွေးချက်များ ပြုလုပ်ခဲ့ပြီး အမှတ်တရ စာ​ရေးကိရိယာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး