တွန်းဇံ ဖေဖော်ဝါရီ ၂၉
ကိုရိုနာဗိုင်ရပ်စ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန် တွန်းဇံမြို့၊ ချင်းရွှေပြည်အားကစား ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ခိုမန်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးမှူးကိုယ်စား ဒေါ်တင်တင်ရွှေ (စာထောက်-၃)က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်နှင့် မြို့နယ် ကျေး/လက်ဦးစီးမှူး ဦးနန်ဒို့ဆူမ်းမန်တို့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ရောဂါ လက္ခဏာများ၊ ရောဂါနှင့် ပတ်သက်ပြီး သတိပြုရန်၊ ဆောင်ရန်၊ ရှောင်ရန်စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသော ပြည်သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)