မန္တလေး ဇန်နဝါရီ ၁
Myanmar Countdown 2020 ပွဲတော်ကို ယမန်နေ့ ည ၉ နာရီမှ စတင်၍ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ကျုံးတောင်ဘက်ချမ်းရှိ မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ မျက်နှာစာရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးမြို့တော်သူ၊ မြို့တော်သားများ၊ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများစုဝေးကာ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြ ကြောင်းသိရသည်။
၂၀၁၉ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၀ ပြည့်နှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် နှစ်သစ်ကူးပွဲတော်ကို ကျင်းပရာ ထောင်ပေါင်းများစွာသော မန္တလေးရှိ ပြည်သူများစုဝေး၍ ည ၁၂နာရီကို စက္ကန့်ရေတွက်ပြီး Happy New Year သံပြိုင်ရွတ်ဆိုကာ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကို ကြိုဆိုကြပြီး ပွဲတော်လမ်းတစ်လျှောက်တွင် လျှပ်စစ်မီးအလှ ရောင်စုံများထွန်းညှိခြင်းနှင့်အတူ နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေမှုများပါဝင်သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဖွဲ့အစည်းများသည် မန္တလေးမြို့တော်သူ မြို့တော်သားများနှင့်အတူ နှစ်သစ်ကူး Countdown ကို ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
တင်ဇာလှိုင်