ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ပန်ဝါ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌  ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ်(၂)သောင်းနှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက်(၁၀) နာရီတွင် အိမ်တိုင်အရောက် သွားရောက်ထောက်ပံ့ခဲကြောင်း သိရသည်။

ပန်ဝါမြို့ မြို့ပေါ်ရပ်ကွက်(၃) ရပ်ကွက်အတွင်း ထောက်ပံ့ငွေရရှိမည့် အိမ်ထောင်စု စုစုပေါင်း (၁၂၉) စုရှိပြီး တစ်အိမ်ထောင်လျှင်ကျပ် (၂) သောင်းနှုန်းဖြင့် စုစုပေါင်းကျပ်ငွေ (၂,၅၈၀,၀၀၀) ကျပ်အား သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။    

ရဲညွန့်(ပြန်/ဆက်)