ငပုတော မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလအတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရုံးဖုန်းနံပါတ်၊ ဝန်ထမ်းများ၏ ဖုန်းနံပါတ်များသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းထံမှသိရသည်။
နွေရာသီကာလအတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုများနှင့် ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးဖုန်း ၀၄၂-၂၀၄၄၃၈၈၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်း ဖုန်း၀၉-၅၀၆၅၀၅၅၊၀၉-၇၉၅၀၆၅၀၅၅၊ ဒုတိယဦးစီးမှူး ဦးကျော်စွာမြင့် ဖုန်း၀၉-၄၂၂၅၆၁၈၇၀၊ ဒုတိယဦးစီးမှူး ဦးဝင်းကျော်မျိုး ဖုန်း၀၉-၇၉၄၅၃၄၈၇၉၊ ဒုတိယဦးစီးမှူး ဒေါ်ဆာစဲဖို ဖုန်း၀၉-၇၉၁၂၁၇၄၀၉၊ ဒေါ်ရွှေရည်သင်း ဖုန်း၀၉-၂၅၀၂၂၅၃၈၃၊ ဦးရဲကိုကို ဖုန်း၀၉-၄၄၇၅၂၄၁၈၈၊ ဒေါ်မေဇော်ထက် ဖုန်း၀၉-၂၅၃၀၁၄၈၃၂များသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
ငပုတောမြို့နယ်အတွင်း၌ ကျေးရွာအုပ်စု(၉၂)အုပ်စုနှင့် ကျေးရွာပေါင်း(၄၁၁)ရွာရှိပြီး ကျေးရွာများတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုနှင့်ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ကူညီဆောင်ရွက်ပေးနေသကဲ့သို့ ပုသိမ်မြို့ပေါ်မှ ရေအလှူရှင်များကလည်း နှစ်စဉ်လာရောက် လှူဒါန်းပေး လျက်ရှိကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)