ချင်းပြည်နယ် ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း ပွဲကြည့်စင်များ တည်ဆောက်မှု ၆၅ ရာခိုင်နှုန်းပြီးစီး

ဟားခါး စက်တင်ဘာ ၂၅

ချင်းပြည်နယ်၏ အထင်ရှားဆုံး ဘောလုံးကွင်းဖြစ်သည့် ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း၏ ပွဲကြည့်စင်များကို ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော် ကျင်းပစဉ်က တည်ဆောက်ခဲ့ရာ ပျက်စီး ယိုယွင်းခဲ့သဖြင့်  ချင်းပြည်နယ် ချင်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၆၃၃. သန်းဖြင့် အသစ်ပြန်လည် တည်ဆောက်လျက်ရှိရာ ယနေ့ထိ လုပ်ငန်းတစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းပြီးစီး လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အားကစားနှင့်  ကာယပညာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင်ထံမှ သိရသည်။

အဆိုပါ ပွဲကြည့်စင်များကို အနောက်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်တွင် စုစုပေါင်း အလျား ၄၀၀ပေ၊ အနံ ၄၅ ပေရှိ အဆင့် (၁၈)ဆင့်ပါ RC အမျိုးအစားဖြစ်ပြီး ဟားခါးမြို့ ရုန်းမိသားစု ကုမ္ပဏီလီမီတက်က တာဝန်ယူကာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၇ နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ရုန်းမိသားစု ကုမ္ပဏီမှ အမြဲမပြတ်ကြီးကြပ် ဆောင်ရွက် လျက်ရှိသည့်နည်းတူ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း နေ့စဉ်ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဝမ္မသူးမောင် အားကစားကွင်း မီတာ(၄၀၀)ပြေးလမ်း Synthetic ခင်းခြင်း အပါအဝင်  လုပ်ငန်းစီမံကိန်း()ခု၊ ပြည်နယ် ဘတ်ဂျက်ဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်()မြို့နယ်တွင် လုပ်ငန်းစီမံကိန်း (၁၇)ခု ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင် ထံမှ သိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)