ဒေါ့ဖုန်းယန် စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ထပ်မံ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်းများနေစဉ် ကာလအတွင်း နိုင်ငံတော် တစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို နိုင်ငံတော် အစိုးရအနေဖြင့် ထောက်ပံ့မှုများပေးလျက်ရှိရာ ဒေါ့ဖုန်းယန်မြို့နယ်အတွင်း စတုတ္ထအကြိမ် ထောက်ပံ့မှုအဖြစ် အမှန်တကယ် ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကို ပြည်သူအားလုံးက ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဒေါ့ဖုန်းယန်မြို့ အတွင်းရှိ ဖာကေ၊ သိန်လုံ၊ တာဆိုင်၊ နားလုံ၊ တိန်းဘုရား၊ မံမော်၊ မံသဲ၊ ဒိန်ဂါယန်၊ တုန်ဟုန်းယန်၊ အူထန်ယန်၊ မံပိန်ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် အမှတ်(၁)နှင့်(၂)(၃)ရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု တစ်စုလျင်ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၂၄၃၉)စုအတွက် စုစုပေါင်း ငွေကျပ်သိန်း (၄၈,၇၈၀,၀၀၀)ကျပ်ကို မိဘပြည်သူများ လက်ဝယ့် အရောက် ထပ်မံ ၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြသက်( ပြန်/ဆက် )