လောက်ကိုင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့စခန်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

လောက်ကိုင်   ဇန်နဝါရီ      ၁

ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ အရန်မီးသတ်ဖွဲ့စခန်းသစ် ဖွင့်ပွဲအခမ်းအနားကို  အဆိုပါရုံးသစ်တွင်  ယမန်နေ့ မွန်းလွဲ  ၃  နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အရန်မီးသတ်ဖွဲ့စခန်းသစ် ဖွင့်ပွဲအခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကိုးကန့်အရန်မီးသတ်တပ်ဖွဲ့တပ်ခွဲမှူး ဦးတွမ်စိချန်မှ မိမိတို့ အရန်မီးသတ်ဖွဲ့၏ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်းနှင့် တက်ရောက်သူဦးရေ ( ၂၀၀ ) ဦးခန့်ရှိကြောင်းသိရသည်။

ဝင်းမြမြ(လောက်ကိုင်)