ပန်ဝါ စက်တင်ဘာလ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှတစ်အိမ်ထောင်လျှင် ကျပ် (၂)သောင်းနှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်(၁၀)နာရီတွင် အိမ်တိုင်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပန်ဝါမြို့ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်း ထောက်ပံ့ငွေရရှိမည့်အိမ်ထောင်စု စုစုပေါင်း (၁၂၉)စုရှိပြီး တစ်အိမ်ထောင်လျှင်ကျပ်(၂) သောင်းနှုန်းဖြင့် စုစုပေါင်းကျပ်ငွေ (၂,၅၈၀,၀၀၀) ကျပ်အား သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲညွန့်(ပြန်/ဆက်)