မိုင်းယုမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ကွင်းဆင်း စစ်ဆေး

 

မိုင်းယု စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင်  မြို့အတွင်းရှိ ဖွင့်လှစ်ရောင်း ချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယမန်နေ့  နံနက် ၁၀ နာရီခွဲက မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အဖွဲ့တို့က အသိပေးခြင်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှုကြီကြပ်ရေးအဖွဲ့()ခေါင်ဆောင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခွန်အာကာထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များက မြို့ပေါ်ရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စာသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များမှတစ်ဆင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချ နိုင်ရေးနှင့် ရောင်းချရာ၌လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တာဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားကြရန် စသည့်တို့အား ကွင်းဆင်းအသိပေးစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြင့် ရောင်းချခြင်း မရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ထံမှ သိရသည်။

အလားတူ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစိုင်းတင့်ဆန်း ဦးဆောင်သည့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေးဆော်ဩပညာပေးစစ်ဆေးရေးအဖွဲ့(၁)က နံနက်ပိုင်း အချိန်တွင် ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်း မတပ်ဘဲ သွားလာပါက ချက်ချင်း အခုဝယ်၊ အခုတပ် ဒဏ်ပေးစနစ်ဖြင့် အထူးကြပ်မတ်ကာ ဆော်ဩ အသိပညာပေးခြင်းများကိုလည်းကောင်း ညပိုင်းတွင် နယ်မြေခံရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ် အောင်ဇော်မင်း ဦးဆောင်သည့် ညပိုင်းစစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့(၂)က ညပိုင်း ဖွင့်လှစ်သည့် စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ဆိုင်ထိုင်စားသောက်ခြင်း ရှိ/မရှိနှင့် ပါဆယ်စနစ်ဖြင့် ရောင်းချနေခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)

09254599530