နမ့်ဆန်၌ ခရိုင်အဆင့် မီးသတ်ရုံး အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် မြေနေရာ ကြည့်ရှုတိုင်းတာခြင်းဆောင်ရွက်

 

နမ့်ဆန်          စက်တင်ဘာ ၂၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ခရိုင်အဆင့် မီးသတ်ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် မြေနေရာကြည့်ရှုတိုင်းတာခြင်းကို စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းက ဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းကျော်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ ညွှန်မှူးနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌနှင့်ဌာနဆိုင်ရာတို့က ကွင်းဆင်းကြည့်ရှုရာ မြေနေရာတိုင်းတာ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။

မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ကို ခရိုင်အဆင့်တိုးမြှင့်ဖွဲ့စည်းနိုင်ရန်အတွက် နမ့်ဆန်မြို့နယ်အဝင် တပေါင်းပွဲခင်းအနီးက မြေနေရာကို ခရိုင်အဆင့်မီးသတ်ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် အလျားပေ(၁၀၀) အနံ ပေ(၈၀)အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ (၄)ထပ် (RC)  ဆောက်လုပ်ရန် လျာထားမြေနေရာကို တိုင်းတာစစ်ဆေးပြီး ပြည်နယ်မီးသတ်တပ်ဖွဲ့ ညွှန်ကြား‌‌‌ရေးမှူးနှင့် ခရိုင်မီးသတ်တပ်ဖွဲ့မှူးတို့က မီးသတ်အဆောက်အဦအတွက် လိုအပ်သည်များကို ဒေသဦးစီးအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကိုအောင်မိုး(ရွှေဖီမြေ)