မိုင်းဆတ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာ ပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၇)နာရီက မြို့မဈေးရှေ့ နှင့် မိုင်းတုံ လမ်းဆုံတို့တွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ MASK တပ်ဆင် သွားလာခြင်း မရှိသူ (၁၀)ဦးအားဒဏ်ပေးစနစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းလှုပ်ရှားသွားလာသူများအား MASK တပ်ဆင် သွားလာရေး မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် နေ့စဉ် အသိပညာပေး ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက MASK တပ်ဆင်သွားလာခြင်းမရှိသူ(၁၀)ဦးအား ဒဏ်ပေးသည့် အနေဖြင့် MASK(၁၀)ခု ဝယ်ယူစေပြီး(၅)ခုအား မြို့နယ် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီထံ လှူဒါန်း၍ ကျန်(၅)ခုအနက် တစ်ခုကို တစ်ပါတည်း တပ်ဆင်စေပြီးမှသာ လိုရာခရီးဆက်သွားခွင့် ပြုခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးရှေ့၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မိုင်းတုံလမ်း ဆုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုပြေ တို့ ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့၊ အမှတ်(၁၂၀)ယာဉ်ထိန်းတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေး အန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေး ဌာန၊ ကျန်းမာရေး ဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)