မိုင်းလုံ စက်တင်ဘာလ ၂၈
ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်၊ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်သီရိနောင်နှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊တားဆီး၊ ထိန်းချုပ်ရေးကော်မတီဝင်များပူးပေါင်း၍ ရောဂါဖြစ်ပွားရာဒေသမှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ (၂)ဦးထံမှ ယမန်နေ့နံနက်(၇)နာရီခန့်က အာခေါင်တို့ဖတ်နမူနာ ရယူခဲ့ သည်။
အဆိုပါ ရောဂါဖြစ်ပွားရာဒေသ မန္တလေးမြို့မှ အလုပ်လုပ်ကိုင်၍ ပြန်လာသူ အောက်ရပ်ကွက် တွင်နေထိုင်သည့် နေရပ်သို့ပြန်လည်ရောက်ရှိလာသူ အမျိုးသား (၂)ဦးအား COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး အတွက် ယာယီစောင့်ကြည့်ရန် အသွားအလာကန့်သတ်ထားသော နေအိမ်တွင် နှာခေါင်းနှင့်အာခေါင် တို့ဖတ် နမူနာများရယူခဲ့ ကြောင်းသိရပြီး ယနေ့အချိန်ထိ မိုင်းလုံမြို့တွင် ရောဂါကူးစက်ခံရမှု မရှိကြောင်းကို မိုင်းလုံမြို့တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။
ဇော်ဇော်(ပြန်/ဆက်)