မိုင်းရယ် စက်တင်ဘာ ၂၈
ကိုဗစ်- ၁၉ ရောဂါသည် ကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် မိုင်းရယ်မြို့နယ်အတွင်းမှ ပြည်သူများအား ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးအတွက် စက်တင်ဘာ ၂၆ ရက် နေ့လည်(၁)နာရီက မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်၊ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ညွှန့်စန်းရီနှင့် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများက စားသောက်ဆိုင်ပိုင်ရှင်များ ပါဆယ် စနစ်ဖြင့်သာ ရောင်းချရေး ဆောင်ရွက်ခဲ့သည်။
မိုင်းရယ်မြို့နယ်အနေဖြင့် COVID-19 ရောဂါ ကူးစက်မှု မရှိသေးသော်လည်း ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာနှင့် ပြည်သူများ ပူးပေါင်း၍အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်