ကျီခါး စက်တင်ဘာ ၂၈
ချင်းပြည်နယ်၊ ကျီခါးမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ကျီခါးမြို့ပေါ်နှင့် အနီးအနားကျေးရွာများရှိ သဘာ၀ဘေးကြောင့် သီးနှံပျက်စီးသည့် တောင်သူများအတွက် ထောက်ပံ့ငွေများပေးအပ်သည့် အခမ်းအနားကို ၂၆ ရက်နေ့ နံနက်(၈)နာရီအချိန်က ကျီခါးမြို့စိုက်ပျိုးရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျီခါးမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးထန်ခန့်ကပ်မှ သီးနှံပျက်စီးဝောင်သူ များအား ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထေက်ဦးစီးမှူးဦးအောင်နိုင်က သီးနှံပျက်စီး စာရင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ထောက်ပံ့ငွေများဆက်လက်ပေးအပ်ရာ မြို့အုပ်ချုပ်ရေးမှူးမှ ကျီခါးမြို့အမှတ်(၂) ရပ်ကွက်ရှိ သီးနှံပျက်စီး တောင်သူများအားလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးမှူးက ကျီခါးမြို့အမှတ်(၁) ရပ်ကွက်ရှိ သီးနှံပျက်စီးတောင်သူများအားလည်းကောင်း၊ မြေစာရင်း လက်ထောက်ဦးစီးမှူးက တွီးမွီကျေးရွာရှိ သီးနှံပျက်စီး တောင်သူများအားလည်းကောင်း တစ်ဧက(၁၀၀၀၀)နှုန်းဖြင့် (၁၆)ဧကစာ စုစုပေါင်းငွေကျပ်(၁၆၀,၀၀၀)ပေးအပ်ရာ သက်ဆိုင်ရာတောင်သူများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)